International News

ငွေကြေးကဏ္ဍမှ အမျိုးသားလုံခြုံရေးဥပဒေအား ထောက်ခံလျက်ရှိ

Last Updated:

ပေကျင်းအစိုးရမှ အတည်ပြုပြဋ္ဌာန်းရန် ဆုံးဖြတ်ခဲ့သည့် အမျိုးသားလုံခြုံရေးဥပဒေကြောင့် ငွေကြေးအချက်အချာကျသည့် ဟောင်ကောင်ဒေသအတွက် စိုးရိမ်ပူပမ်မှုများ ဖြစ်ပေါ်လျက်ရှိသော်လည်း ဘဏ်လုပ်ငန်းများနှင့်ပုဂ္ဂလိကကဏ္ဍမှဩဇာရှိသည့် ချမ်းသာကြွယ်ဝသည့်သူများထံမှလည်း ကောင်းမွန်သည့်တုံ့ပြန်မှုများလက်ခံရရှိခဲ့ ကြောင်း၊ အမျိုးသားလုံခြုံရေးဥပဒေအား တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်ဥပဒေပြုလွှတ်တော်မှ ၂၈-၅-၂၀၂၀ ရက်နေ့တွင် အတည်ပြုခဲ့ရာ ရက်သတ္တပတ် နှစ်ပတ် ကြာပြီဖြစ်သော်လည်း လုပ်ငန်းများဘက်မှ ပြောင်းလဲမှုများ မတွေ့ရှိရဘဲကောင်းမွန်သည့် အနေအထားတွင်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်၊ စတုတ္ထလေးလပတ်ကဖြစ်ပွား ခဲ့သည့် အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့် တည်ငြိမ်မှုများရှိရန်မှာ ၎င်းတို့အတွက်အရေးကြီးလျက်ရှိကြောင်း၊ COVID-19 ကြောင့် စီးပွားရေးကျဆင်းလျက်ရှိရာ ဟောင်ကောင်၏ စီးပွားရေးပြန်လည်သုံးသပ်မှုကို ဩဂုတ်လအထိ စောင့်ကြည့်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ ယခုနှစ်အတွင်း (၄) ရာခိုင်နှုန်းမှ (၇) ရာခိုင်နှုန်းအထိ လျော့ကျနိုင်သည်ဟု ၂၀၂၀ ပြည့်နှစ်၊ ဧပြီလက ခန့်မှန်းခဲ့ကြောင်း၊ ဥပဒေ ပြဋ္ဌာန်းမည့် သတင်းစတင်ထွက်ပေါ်ကတည်းက ဟောင်ကောင်ဒေသအပေါ်ရိုက်ခတ်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့အတွက် အခွင့်အလမ်း ကောင်းများရှိမည့် ဒေသတွင်သွားရောက် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့်လည်း မဟာပင်လယ်ကွေ့ဒေသ၌ လုပ်ငန်းများစတင်ရန် ကောင်းမွန်သည့် အနေအထားတွင်ရှိကြောင်း၊ ဗြိတိန်နိုင်ငံအခြေစိုက် HSBC နှင့် Standard Chartered ဘဏ်တို့က အမျိုးသားလုံခြုံရေးဥပဒေအား ထောက်ခံပေး ကြောင်း အမေရိကန်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံသူများက စွပ်စွဲမှုကြောင့် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံရေးမှ ထင်သာမြင်သာစွာ ကိုင်တွယ်မှုများရှိနိုင်ကြောင်း၊ အဆိုပါဘဏ်များမှာ ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးတို့၌ ရှေးယခင်ကတည်းက လုပ်ငန်းများလုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပေကျင်းမှ ဥပဒေအသစ်အား ကြေညာ ခဲ့ပြီးနောက် ဟောင်ကောင်ဒေါ်လာမှ အမေရိကန်ဒေါ်လာသို့ အလောတကြီးဝယ်ယူမှုများကြောင့် ငွေလဲလှယ်ရောင်းဝယ်မှုများသွက်လက်လာပြီး အမေရိကန်ဒေါ်လာ များပြတ်လပ်သွားကြောင်း၊ ငွေကြေးများ ဟောင်ကောင်ဒေသပြင်ပသို့ ထွက်သွားခြင်းအစားဒေသတွင်းသို့ ဝင်ရောက်လာသည်ကို တွေ့ရှိရကြောင်း၊ လွန်ခဲ့သော (၃) လ က ရှန်ဟိုင်းနှင့်ရှန်းကျန့်မှ စတော့ရှယ်ယာများ ဟောင်ကောင်ဒေသသို့ ဝင်ရောက်လာကြောင်း၊ ဟောင်ကောင်ဒေသရှိ ဘဏ်များ၌ ငွေအပ်ထားသူများသည် ၂၀၁၉ ခုနှစ်က ဟောင်ကောင်ဒေသပြင်ပ၌ ဘဏ်အကောင့်များ ဖွင့်ခဲ့သော်လည်းငွေများကို ပြောင်းရွှေ့ထားခဲ့ကြခြင်းမရှိကြောင်း၊ ဒေသတွင်း အစိုးရဆန့်ကျင် ဆန္ဒပြမှုများသာ မရှိပါက ဟောင်ကောင်စတော့ရှယ်ယာလုပ်ငန်းမှာ ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် အဓိကထားဆောင်ရွက်မည့် တရုတ်ကုမ္ပဏီ (၁၅၀) မှာ အမေရိကန်နိုင်ငံစာရင်းဝင် ကုမ္ပဏီများဖြစ်ကြောင်း၊ ဟောင်ကောင်ရှိလုပ်ငန်း (၂,၅၀၀) ခန့်မှာ အိမ်ခြံမြေလုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းများဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၂ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Denise Tsang က “Finance Sector ‘Backs Security Law” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News